ABOUT US

Welcome to QNT

A Professional Software Service Company In Myanmar

အကောင်းဆုံး IT နည်းပညာများဖြင့် ဝန်ဆောင်မှု ပေးနိုင်ရန် ရည်ရွယ်ကာ ပြည်တွင်းစီးပွာရေးလုပ်ငန်းများ စီးပွားရေးလုပ်ငန်းနယ်ပယ်အသီးသီးတွင်လိုအပ်သော Accounting ဆိုင်ရာ လချုပ် နှစ်ချုပ် လက်ကျန်ရှင်းတမ်းများ၊ လုပ်ငန်းအရှုံးအမြတ်စာရင်းများ၊ Cash Flow Statement များ၊ ကုန်လက်ကျန် အရေအတွက်နှင့် တိကျသော ကုန်လက်ကျန်တန်ဖိုးများ၊ ကုန်ထုတ်လုပ်မှုအဆင့်ဆင့်စာရင်းများ အတွက် လွယ်ကူလျင်မြန်စွာ ရရှိနိုင်သော SQL ERP Software ကို QNT Co.,Ltd တွင် ရာသက်ပန် တရားဝင်သုံးစွဲခွင့် လိုင်စင် နင့်အတူ လိုအပ်သောဝန်ဆောင်မှုများ ရရှိနိင်ပါသည်။

ထို့ကြောင့် နိုင်ငံတကာ Accounting Standard IFRS/GAAP စံများနှင့်ကိုက်ညီ သော၊ ခေတ်မီသော နည်းပညာများကို အသုံးပြုထားသော Accounting ကို အခြေခံကာ ERP Module များအထိ ပါဝင်သော မလေးရှားနိုင်ငံမှ ထုတ်လုပ်သော Software များဖြစ်သည့် SQL ERP,SQL POS, QNE Product များကို ‌ ပြည်တွင်း ဈေးကွက်တွင် 2012 ခုနှစ်မှ စတင်ကာ ‌ရောင်းချဖြန့်ဖြူးခြင်းနှင့်အတူ Services ဝန်ဆောင်မှုပေးခြင်းကို စတင်ခဲ့ပါသည်။

ဈေးကွက်ရာဖွေရာတွင် QNT မှာ ဦးဆောင်ပါဝင်သူများသည် ပြည်တွင်း Software Company များတွင် လုပ်ကိုင်ဖူးခဲ့သော အတွေ့အကြုံများ အဆက်အသွယ်များဖြင့် လည်ကောင်း၊ စာရင်းကိုင်၊ စာရင်းစစ် လုပ်ငန်းများမှ ထောက်ခံဆက်သွယ်ပေးမှုကြောင့် လည်းကောင်း လုပ်ငန်းများ လည်ပတ်ကာ ယုံကြည်မှုဖြင့် ရပ်တည် ဆောင်ရွက်ခဲ့ပါသည်။

QNT Software Centre သည် 2016 ခုနှစ်တွင် ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံတွင် ကျင်းပသော စာရင်းကိုင်နှင့်စာရင်းစစ်ပြပွဲတွင် ပါဝင်ကာ ပြခန်းဝင်ရောက် ပြသခဲ့ပါသည်။
ပိုမိုခိုင်မာသော အဖွဲ့အစည်းဖြစ်ရန်အတွက်ရည်ရွယ်ကာ 2017 ခုနှစ်တွင် QNT Company Limited (Registration No.110810962) ကို တည်ထောင်ဖွဲ့စည်းခဲ့ပါသည်။

QNT သည် SQL ERP ကိုဝန်ဆောင်မှုသက်တမ်း ၁၀ နှစ်ကျော်အတွေ့အကြုံဖြင့် မြန်မာစီးပွားရေး လုပ်ငန်းများအတွက် အကောင်းဆုံးပုံစံဖြင့် အကောင်အထည်ဖော်ပေးကာ၊ လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် ကူညီပံ့ပိုးပေးနေပါတယ်။

FOUNDER INFORMATION

Mr.Tun Tun Naing

(MISC. M.Sc (Maths) F2, Dip. In Accounting, Dip. In Archaeology)

QNT Co.,Ltd ကို တည်ထောင်သူ Founder ဦးထွန်းထွန်းနိုင်@နေကောင်းမဲန် သည် ရန်ကုန်တက္ကသိုလ်တွင် မဟာသိပ္ပံဘွဲ့(နောက်ဆုံးနှစ်)သင်္ချာ၊ ရန်ကုန်ကွန်ပြူတာတက္ကသိုလ်တွင် မဟာသုတသိပ္ပံဘွဲ့ (M.I.Sc)၊ မြန်မာနိုင်ငံစာရင်းကောင်စီတွင် စာရင်းကိုင်ဒီပလိုမာ(D.A)၊ ရန်ကုန်တက္ကသိုလ်တွင် ရှေးဟောင်းသုတေသနဒီပလိုမာ ဘွဲ့များရရှိခဲ့ပြီး စာရင်းကိုင်လုပ်ငန်းအတွေ့အကြုံများ၊ IT လုပ်ငန်းအတွ့ အကြုံများကို အနှစ် ၃၀ ကြာ လုပ်ဆောင်ခဲ့သူ ဖြစ်သဖြင့် ပညာ အတွေ့အကြုံ အရည်အချင်းပြည့်ဝစွာဖြင့် ဦးဆောင်လုပ်ကိုင်နေပါသည်။

QNT သည် မြန်မာနိုင်ငံတွင် SQL ERP Software အတွက် တရားဝင် လိုင်စင်ရောင်းချခွင့် ရရှိထားသောကုမ္ပဏီဖြစ်ပြီး စွမ်းဆောင်ရည်ပြည့်စုံသော ဝန်ဆောင်မှုများပေးနေပါသည်။

ပါဝင်‌သော ဝန်ဆောင်မှုများတွင် –

  • ထုတ်ကုန်အကြံပေးခြင်း(Functional Consultation)
  • အကောင်အထည်ဖော်ခြင်း(Implementation)
  • စိတ်ကြိုက်ပြင်ဆင်ခြင်း(Customization)
  • သင်တန်းပေးခြင်း(Training)
  • အရောင်းပြီးနောက် ဝန်ဆောင်မှု အထောက်အပံ့ပေးခြင်း(Services Supporting)

cloud နည်းပညာသုံးနိုင်သော
Product အသစ်များ

  • SQL Cloud Accounting Software
  • SQL Mobile Connect
  • SQL Stock Take App
  • SQL BI Dashboard
  • SQL EBI Wellness POS System(specifically designed for Wellness Industries)
  • 3TP Sales Force Automation System(Mobile Sales System)

QNT ရဲ့ Clients များတွင် Business Sector အသီးသီးမှ စီးပွားရေးလုပ်ငန်းများ၊ NGO အဖွဲ့အစည်းများ ပါဝင်ကာ လိုအပ်သော လုပ်ငန်းဆိုင်ရာ စာရင်းများကို QNT ရဲ့ Software များကို အသုံးပြုကာ အချိန်နှင့်တစ်ပြေးညီ တိကျမှန်ကန်စွာ ရရှိနေသဖြင့် ၉၉ ရာခိုင်နှုန်း စိတ်ကျေနပ်မှု ရရှိနေကြပါသည်။
ဝန်ဆောင်မှုနှင့်ပတ်သက်လျင် QNT ရဲ့ Client များသည် ဆက်သွယ်၍ အချိန်နဲ့ တစ်ပြေးညီ ဝန်ဆောင်မှုရယူ‌ ‌နေကြပါသည်။

QNT သည် ပြည်တွင်း လုပ်ငန်းများအတွက် နိုင်ငံတကာ အဆင့်မီ ‌ဈေးနှုန်းသင့်တင့်မျှသော Solution များကို ရာသက်ပန် အသုံးပြုနိုင်သည့် Application License ကို မူရင်းထုတ်လုပ်သူ Company များထံမှ ဝယ်ယူကာ တရားဝင် တစ်ဆင့်ပြန်လည်ရောင်းချပြီး ရေရှည် အသုံးပြုမှု အဆင်ပြေစေရန် ဝန်ဆောင်မှု ပေးနေခြင်းဖြစ်ပါသည်။

ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ပိုမိုတိုးတက်စေရန် ‌တိကျမှန်ကန်သော လုပ်ငန်းဆိုင်ရာ စာရင်းများ ရနိုင်ရန် အရေးကြီးသဖြင့် ပိုမို အဆင်ပြေစေသည့် IT နည်းပညာကို အသုံးချနိုင်ရန် Software Solution အသစ်များကို အချိန်တိုင်းရှာ‌ဖွေကာ သက်သာ‌သော ‌ဈေးနှုန်းများဖြင့် ဝန်ဆောင်မှု ပေးနေပါသည်။

QNT မှ Software Solution များကို ရွေးချယ်လျှင် မိတ်ဆွေတို့ရဲ့ လုပ်ငန်းများ ပိုမို အဆင်ပြေ မြန်ဆန်ဖို့အတွက် QNT ရဲ့ ဆောင်ပုဒ် ဖြစ်သော Quick & Tech Software နည်းပညာအတိုင်း တိကျမြန်ဆန်သောနည်းပညာကို အသုံးချနိုင်ပါသည်။

ထို့ကြောင့် SQL ERP ကို သင့်လုပ်ငန်းတွင် ထည့်သွင်းအသုံးပြုဖို့ စဉ်းစားနေသူများအတွက် QNT သည် ယုံကြည်ရသော Partner ဖြစ်ပါသည်။